Back to Languages

Burmese - Chapter 29 - Al-Ankabut

Translation by Alin U Yin — Permalink

Verse 33 — Surah Al-Ankabut 29:33

ငါအရှင်မြတ်၏သတင်းဆောင်၊ စေတမန်များသည် (တမန်တော်) လူးသ်ထံသို့ရောက်ရှိလာသောအခါ သူသည် သူတို့နှင့်ပတ်သက်၍ ရတက်မအေးဖြစ်လျက် ဖိစီးမှုဒဏ်ခံရပြီး (သူ့လူမျိုးတို့က သတင်းဆောင်များအား ဒုက္ခပေးနိုင်ကြောင်း၊ သူတို့ကို ကာကွယ်ရန် အင်အားအလုံအလောက် မရှိကြောင်းတို့ကြောင့်) သူတို့အတွက် ချောင်ပိတ်မိသကဲ့သို့ ပူပင်၍ စိတ်ကျဉ်းကျပ်မှု ခံစားသောအခါ သူတို့က “(အို၊ လူးသ်၊) အသင်သည် မစိုးရိမ်လေနှင့်။ ပူဆွေးသောကရောက်ခြင်းလည်း မရှိလေနှင့်။ ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် နောက်တွင်ကျန် ရစ်နေမည့်သူတို့တွင် အပါအဝင်ဖြစ်မည့် သင့်အမျိုးသမီးမှအပ အသင်နှင့်တကွ သင့်မိသားစုအပေါင်းအဖော်တို့အား ကယ်ဆယ်မည့်သူများပင် ဖြစ်ကြသည်။” ဟု ပြောကြားလေ၏။