Back to Languages

Burmese - Chapter 29 - Al-Ankabut

Translation by Alin U Yin — Permalink

Verse 36 — Surah Al-Ankabut 29:36

ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) မဒ်ယန် (ပြည်သူများထံ) သို့ သူတို့၏နောင်တော် ရှုအိုက်ဗ်ကို စေလွှတ်တော်မူခဲ့ရာ သူက “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ အလ္လာဟ်အရှင်မြတ်ကိုသာ နာခံကိုးကွယ်ကြလော့။ နောင်တမလွန်ဘဝ၏နောက်ဆုံးနေ့ကာလ၌ (လောကီဘဝ၌ ပြုမူကျင့်ကြံသမျှနှင့်စပ်လျဉ်း၍ အစစ်ဆေးခံရမည်ကို မျှော်ကိုးလျက် ပြင်ဆင်ကြလော့။ ထို့ပြင် မြေကမ္ဘာ (၏တိုင်းပြည်ဒေသ) ၌ အဖျက်အမှောင့်နှင့်မတည်မငြိမ်မှုများဖြစ်စေရန် ရမ်းကားသောင်းကျန်းမှုများ မပြုလုပ်ကြနှင့်။” ဟု ဟောပြောခဲ့၏။