Back to Languages

Burmese - Chapter 29 - Al-Ankabut

Translation by Alin U Yin — Permalink

Verse 38 — Surah Al-Ankabut 29:38

ထို့ပြင် (ငါအရှင်မြတ်သည်) အာဒ်လူမျိုးတို့အားလည်းကောင်း၊ ဆမူဒ်လူမျိုးတို့အားလည်းကောင်း၊ (အရေးယူ သုတ်သင်တော်မူခဲ့၏။) ထို့ပြင် ဧကန်မလွဲ (ယနေ့အထိ ရှေးဟောင်းအမွေအနှစ်အဖြစ် ကျန်ရစ် နေသော) သူတို့၏နေအိမ်အဆောက်အအုံများ (ကို သုတေသနပြု လေ့လာခြင်းဖြင့် ယင်းတို့) မှ သင်တို့အတွက် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော ရှင်းလင်းချက်များကို ထင်ရှားစေတော်မူခဲ့ပြီ။ စင်စစ်သော်ကား စေတန်မကောင်းဆိုးဝါးသည် သူတို့အတွက် သူတို့၏ပြုမူကျင့်ကြံမှုများကို (သူတို့၏အမြင်တွင်) လှပတင့်တယ်အောင် ပြုလုပ်ထားသောကြောင့် သူတို့သည် ထိုးထွင်းသိမြင်နိုင်စွမ်း အပ်နှင်းခြင်းခံထားရသော်လည်း တရားလမ်းမှန်မှ ပိတ်ပင်တားဆီးခြင်းခံခဲ့ကြ၏။