Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 29 - Al-Ankabut
Translation by Alin U Yin — Permalink
Verse 40 — Surah Al-Ankabut 29:40
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (သူတို့အနက်) ကိုယ်စီကိုယ်ငအား သူ့ပြစ်မှုကြောင့် အရေးယူ သုတ်သင်တော်မူခဲ့၏။ ငါအရှင်မြတ်သည် သူတို့အနက် အချို့အပေါ်၌ (ကျောက်ခဲများပါရှိသော) လေပြင်းမုန် တိုင်းကို စေလွှတ်တော်မူခဲ့ပြီး သူတို့အနက်အချို့ကို ကျယ်လောင်၍ ပြင်းထန်လှသောပေါက်ကွဲသံဖြင့် အရေးယူ သုတ်သင်တော်မူခဲ့သည့်ပြင် သူတို့အနက် အချို့ကိုမူ မြေမျိုစေတော်မူခြင်းခံခဲ့ကြရုံသာမက သူတို့အနက် အချို့ကိုလည်း ရေနစ်စေတော်မူခဲ့၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် သူတို့အား မတော်မတရား အရေးယူ တော်မူခဲ့သည် မဟုတ်ပေ။ သို့ရာတွင် သူတို့သည် သူတို့နဖ်စ် (ခေါ် မျိုး ရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) များကို အလိုရမ္မက်အတွက် အသုံးချ၍ အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်လျက် မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံ (သောကြောင့် အရေးယူခြင်းခံ) ကြ၏။