Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 29 - Al-Ankabut
Translation by Alin U Yin — Permalink
Verse 41 — Surah Al-Ankabut 29:41
အလ္လာဟ်အရှင်မြတ်အား စွန့်၍ အခြား တစ်စုံတစ်ရာကို (သူတို့၏ကိစ္စတိုင်းအား ဖြေရှင်းပေးမည့် ယုံကြည်စိတ်ချရသော) ကာကွယ်စောင့်ရှောက်သောအဆွေခင်ပွန်းအဖြစ် အယူထားကိုးကွယ်သူတို့၏ဥပ မာသည်ကား၊ ယင်းအတွက် ယင်းကိုယ်တိုင် အိမ်ဆောက်လုပ်သော ပင့်ကူ၏ဥပမာနှင့်အလားသဏ္ဍန်တူ၏။ သို့ရာတွင် ဧကန်မလွဲ၊ (အိမ်အပေါင်းတို့တွင် အထိမခံဆုံး အပျက်လွယ်ဆုံးနှင့်) အနုနယ်ဆုံးသောအိမ်မှာ ပင့်ကူအိမ်ပင် ဖြစ်ကြောင်း၊ သူတို့က သိနားလည်ခဲ့ကြလျှင် ကောင်းလေစွ။