Back to Languages

Burmese - Chapter 29 - Al-Ankabut

Translation by Alin U Yin — Permalink

Verse 45 — Surah Al-Ankabut 29:45

(အို၊ ရစူလ်တမန်တော်) သင်သည် သင့်ထံ ဝဟီအမိန့်တော် ထုတ်ပြန်ချမှတ်ပေးအပ်ခြင်းခံရသော ကျမ်းတော်မြတ် (ကုရ်အာန်) ကို ရွတ်ဖတ်ပြလော့။ ထို့အပြင် ဆွလာသ်ဝတ်ပြုမှုကို ယင်း၏စည်းမျဉ်းနှင့်အညီ မြဲမြံစွာဆောက်တည်လော့။ ဧကန်မလွဲ၊ ဆွလာသ်ဆောက်တည်ဝတ်ပြုမှုသည် အလွန်စက်ဆုပ်ဖွယ်ရာ မကြားဝံ့၊ မနာသာသော မဖွယ်မရာမှုများမှလည်းကောင်း၊ မကောင်းမှုဒုစရိုက်များနှင့်အမှန်တရားကို အာ ခံဖီဆန်မှုများမှ လည်းကောင်း၊ ချုပ်တည်းတားဆီးကြသည့်အပြင် အလ္လာဟ်အရှင်မြတ်အားလည်း အကြီးကျယ်ဆုံး၊ သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟရာရောက်၏။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူဖန်တီးသမျှတို့ကို ကောင်းစွာ သိနေတော်မူ၏။