Back to Languages

Burmese - Chapter 29 - Al-Ankabut

Translation by Alin U Yin — Permalink

Verse 46 — Surah Al-Ankabut 29:46

ထို့ပြင် သူတို့အနက်မှ အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်သူတို့မှအပ ယခင်ကျမ်းရပုဂ္ဂိုလ်တို့နှင့်အချေအတင်ပြောဆို ဆွေးနွေးရာတွင် (လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် လူသားတို့အတွက်) အကောင်းဆုံးဖြစ်သော အကြောင်းအရာများကိုသာ အချေအတင် အပြန်အလှန် ပြောဆိုဆွေးနွေးကြလော့။ ထို့ပြင် ''ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ထံ ချမှတ်ပေးအပ်တော်မူခြင်းခံရသော အမိန့်ပညတ်များနှင့်သင်တို့ထံ ချမှတ်ပေးအပ်တော်မူခြင်းခံရသော အမိန့်ပညတ်များ ကျွန်ုပ်တို့၏ကိုးကွယ်ရာ အရှင်သခင်နှင့်သင်တို့၏ကိုးကွယ်ရာအ ရှင်သခင်မှာ တစ်ဆူတည်းသော အရှင်မြတ်ဖြစ်သည်ကိုလည်းကောင်း၊ (ဖြူစင်မြဲမြံစွာဖြင့်) သက်ဝင်ယုံကြည်ကြ ရုံသာမက ကျွန်ုပ်တို့သည် ထိုအရှင်မြတ်အတွက်သာ (ကိုယ်စိတ်နှလုံးတို့ကို အရှင်မြတ်ထံ နာခံအပ်နှံပြီး ငြိမ်းချမ်း ရေးလိုလားသော) မွတ်စလင်များဖြစ် ကြောင်းကိုလည်း ပြောဆိုကြလော့။