Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 29 - Al-Ankabut
Translation by Alin U Yin — Permalink
Verse 49 — Surah Al-Ankabut 29:49
အမှန်စင်စစ်မှာမူကား ယင်း (ကုရ်အာန်ကျမ်းမြတ်) သည် အသိပညာ ချီးမြှင့်ပေးအပ်တော်မူခြင်း ခံကြရသောသူတို့၏စိတ်နှလုံးများတွင် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော ရှင်းလင်းချက်များပါရှိသည့် သက်သေလက္ခဏာတော်များကို (သက်သေပြရန်မလိုဘဲ ပကတိအတိုင်းရှင်းနေကြောင်း) ထင်ရှားစေသောအရာပင် ဖြစ်၏။ စင်စစ်သော်ကား အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မ ဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့မှအပ (အခြားမည်သူတစ်ဦးတစ်ယောက်မျှ) ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာ တော်များနှင့်စပ်လျဉ်း၍ (စောဒကတက်) ငြင်းပယ်ကြမည် မဟုတ်ပေ။