Back to Languages

Burmese - Chapter 29 - Al-Ankabut

Translation by Alin U Yin — Permalink

Verse 50 — Surah Al-Ankabut 29:50

ထို့ပြင် (တမန်တော်မြတ်နှင့်ပတ်သက်၍) သူတို့က ''သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ သူ့အပေါ်တွင် အံ့ဖွယ်တန်ခိုး သက်သေလက္ခဏာတော်များ အ ဘယ်ကြောင့် ချမှတ်ပေးအပ်တော်မူခြင်း မခံသနည်း။''ဟု မေးမြန်းကြ၏။ (အို၊ ရစူလ်တမန်တော်၊ သူတို့အား) အာယသ်သက်သေလက္ခဏာတော်များသည် အလ္လာဟ်အရှင်မြတ် (၏ဆန္ဒတော်နှင့်တန်ခိုးတော်ဆိုင်ရာ အချုပ်အခြာအာဏာ) ၌သာရှိပြီး ကျွန်ုပ်သည်ကား (ကျွန်ုပ်၏ဆန္ဒအလျှောက် လုပ်နိုင်စွမ်း မရှိဘဲ အရှင်မြတ်ချမှတ် ပေးသမျှကိုသာ) မြင်သာထင်ရှားစွာ သတိပေးနှိုးဆော်သူ တစ်ဦးမျှသာ ဖြစ်၏။” ဟု ဟောပြောလော့။