Back to Languages

Burmese - Chapter 29 - Al-Ankabut

Translation by Alin U Yin — Permalink

Verse 6 — Surah Al-Ankabut 29:6

အမှန်သော်ကား မည်သူမဆို (စိတ်အလိုရမ္မက် မကောင်းမှုကို အားပေးသောစိတ် စေတန်မကောင်းဆိုးဝါး နှင့်ဖိနှိပ်ချုပ်ချယ်မှုတို့ကို ဆန့်ကျင်၍လည်းကောင်း ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံ၍ ငြိမ်းချမ်းရေးလိုလားသော မွတ်စလင်တစ်ဦးဖြစ်လာရန်လည်းကောင်း) ရုန်းကန်ကြိုးပမ်းလျှင် ထိုသူသည် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်း အစနှင့်စိတ်ဆန္ဒများကို အရှင့် စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို အရှင့်စည်းမျဉ်းတော်နှင့်အညီ အသုံးချလျက် သူ့အကျိုးငှာ ရုန်းကန်ကြိုးပမ်းခြင်း ဖြစ်၏။ မုချဧကန်၊ (စကြဝဠာလောကခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသော) အလ္လာဟ်အရှင်မြတ်သည် လောကခပ်သိမ်းတို့ကို မှီခိုခြင်းမှ ပကတိကင်းရှင်းလျက် ကုံလုံပြည့်စုံတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။