Back to Languages

Burmese - Chapter 29 - Al-Ankabut

Translation by Alin U Yin — Permalink

Verse 63 — Surah Al-Ankabut 29:63

အကယ်၍ အသင် (တမန်တော်) သည် သူတို့အား “ကောင်းကင်ယံမှ မိုးရေကို သွန်းချစေ၍ ထိုရေဖြင့် မြေကမ္ဘာရှိ (မြေသေမြေရိုင်းများနှင့်ခြောက်သွေ့နေသော မြက်ပင်ပေါက်ပင်များအား) သေကျေပျက်စီးပြီးမှ အသစ်တစ်ဖန် ရှင်သန်လန်းဆန်းစေတော်သောအရှင်မှာ မည်သူနည်း။'' ဟု မေးမြန်းလျှင် သူတို့က ''အလ္လာဟ်အရှင်မြတ်ပင် ဖြစ်၏။” ဟု ဧကန်မလွဲ၊ ပြောဆိုကြပေမည်။ (အို၊ ရစူလ်တမန်တော်သူတို့အား “ချီးမွမ်းမှုနှင့်ကျေးဇူးတင်မှုဟူသမျှသည် (ချီးမွမ်းဖွယ် ကျေးဇူးတင်ဖွယ်ကောင်းသော အရာဟူသမျှကို ဖွဲ့စည်းဖြစ်တည်စေတော်မူသော) အလ္လာဟ်အရှင်မြတ်သာလျှင် ထိုက်တန်တော်မူသော်လည်း (လူသား) အများစုမှာမူ (ဆင်ခြင်တုံတရားသုံး၍) တွေးခေါ်ဆင်ခြင်သုံးသပ်ကြသည် မဟုတ်ပေ။