Back to Languages

Burmese - Chapter 29 - Al-Ankabut

Translation by Alin U Yin — Permalink

Verse 65 — Surah Al-Ankabut 29:65

စင်စစ် သူတို့သည် ရေယာဉ်သင်္ဘော၌ စီးနင်းကြသောအခါ အရှင့်ဒီန် (ခေါ် လူသားတို့၏ ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများများပါဝင်သည့် ဘဝတည်ဆောက်ရေး လမ်းစဉ်) အတွက် စိတ်ရင်းစေတနာဖြူစင်စွာဖြင့် အလ္လာဟ်အရှင်မြတ်အားသာလျှင် ဟစ်ခေါ် တ,သ၍ ဆုတောင်းပန်ကြ၏။ သို့ရာတွင် ထိုအရှင်မြတ်သည် သူတို့အား ကယ်တင်၍ ကုန်းမြေသို့ လုံခြုံစွာ ဆောင်ကြဉ်းတော်မူသောအခါ သူတို့သည် ချက်ချင်းပင်လျှင် (အခြားအရာများကို ထိုအရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ကြ၏။