Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 29 - Al-Ankabut
Translation by Alin U Yin — Permalink
Verse 67 — Surah Al-Ankabut 29:67
ဧကန်မလွဲ၊ ငါအရှင်မြတ်သည် (မက္ကဟ်မြို့ကို) ယင်း၏ပတ်ဝန်းအိမ်နီးချင်းဒေသများမှ လူတို့က အန္တရာယ်မျိုးစုံကိုရင်ဆိုင်လျက် ရုပ်ဖျက်ဆင်းပျက်ဖြစ်နေစဉ် ယင်းကို ဘေးကင်းလုံခြုံ၍ အထွတ်အမြတ်ဖြစ် သော ခိုလှုံရာဌာနဖြစ်စေတော်မူလျက် သူတို့အတွက် အခြေချနေထိုင်ခွင့် ထူထောင်ပေးတော်မူသည်ကို သူတို့ မတွေ့မြင် မဆင်ခြင် မသုံးသပ်ကြလေသလော။ သို့ပါလျက် သူတို့သည် (မှားယွင်းသော ယုံကြည်မှု အတွေးအခေါ် အယူအဆများပါဝင်သည့်လမ်းစဉ်) မိစ္ဆာဒိဌိကို ယုံကြည်လက်ခံ၍ (ကျမ်းတော်နှင့်တမန်တော်ကို ငြင်းပယ်ခြင်း ဖြင့်) အလ္လာဟ်အရှင်မြတ်၏ကျေးဇူတော်များဖြင့် ဂုဏ်သိက္ခာပေးတော်မူခြင်းနှင့်စပ်လျဉ်း၍ ကျေးဇူးကန်းကြလေသလော။