Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 29 - Al-Ankabut
Translation by Alin U Yin — Permalink
Verse 8 — Surah Al-Ankabut 29:8
အမှန်စင်စစ်၊ ငါအရှင်မြတ်သည် လူသားအား မိဘနှစ်ပါးတို့နှင့်ပတ်သက်၍ (လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့်) အကောင်းဆုံးဖြစ်အောင် ပြမူဆက်ဆံပြုစုရန် ဩဝါဒလမ်းညွှန်ပေးတော်မူ၏။ သို့ရာတွင် အကယ်၍ (မိဘနှစ်ပါးက) သူတို့က သင်ကိုယ်တိုင်တပ်အပ်သေချာစွာ မသိသောအရာနှင့်စပ်လျဉ်း၍ ယင်းအား ငါအရှင်မြတ်နှင့်တွဲဖက်တုပြိုင်သော ကိုးကွယ်ရာအဖြစ် ကိုးကွယ်ရန် ရုန်းကန်အားထုတ်ကြလျှင် အသင်သည် (ယင်းတွဲဖက်ကိုးကွယ်နှင့်စပ်လျဉ်း၍) သူတို့နှစ်ဦးစလုံးအား မနာခံမလိုက်နာလေနှင့်။ အသင်တို့အားလုံးသည် ငါအရှင်မြတ်ထံတော်သို့သာလျှင် လှည့် ပြန်ကြရမည်ဖြစ်ပေရာ ငါအရှင်မြတ်သည် သင်တို့၏ပြုမူကျင့်ကြံသမျှနှင့်စပ်လျဉ်း၍ အကြောင်းကြားစေတော် (မူလျက် စာရင်းရှင်းအရေးယူတော်) မူလိမ့်မည်။