Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 3 - Al-Imran
Translation by Alin U Yin — Permalink
Verse 112 — Surah Al-Imran 3:112
(ဂျူးသမိုင်းကိုလေ့လာကြည့်လျှင်) သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသော (ကတိကဝတ်ဆိုင်ရာ) နှောင်ကြိုးနှင့်လူတို့ကြား၌ ထားရှိသော နှောင်ကြိုးများမှအပ သူတို့အား တွေ့မြင်ခြင်းခံရသည့် နေရာတိုင်း၌ အလ္လာဟ်အရှင်မြတ်ထံတော်မှ သူတို့အပေါ် အမျက်တော်၊ (ပြစ်ဒဏ်နှင့်ပြစ်တင်ရှံ့ချမှု) စူးရှခြင်းခံကြရ (သကဲ့သို့ဖြစ်) ပြီး (လူပုံအလယ်၌) အရှက်ကွဲခံရခြင်း၊ (ညှင်းပန်းနှိပ်စက်မှုဒဏ်နှင့်သွားလာလှုပ်ရှားမှု ပိတ်ပငတားဆီးမှု ခံရခြင်းတို့ကြောင့်) ဒုက္ခအခက်အခဲများကို ရင်ဆိုင်ခဲ့ရခြင်း (စသော စိတ်ဆင်းရဲမှု) တို့မှာ စုပြုံကျရောက်စေတော်မူလျက် သိက္ခာချခံရခြင်းသာ တွေ့မြင်ရ၏။ ထိုသို့ ဖြစ်ရခြင်းမှာ အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို သွေဖည်ငြင်းဆန်ခြင်းနှင့်နဗီတမန်တော်များအား (တမန်တော်တို့၏အခွင့်အရေးနှင့် အမှန်တရားတို့ကို ဆန့်ကျင်၍ သစ္စာမဲ့စွာဖြင့်) မတရားသတ်ဖြတ်ခြင်းတို့ကြောင့်ပင် ဖြစ်ပေသည်။ ယင်းသည် သူတို့၏အာခံဖီဆန်မှုနှင့်စည်းမျဉ်း ချိုးဖောက်မှုပင် ဖြစ်၏။