Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 3 - Al-Imran
Translation by Alin U Yin — Permalink
Verse 147 — Surah Al-Imran 3:147
(ရန်သူစစ်တပ်နှင့်နဖူးတွေ့ဒူးတွေ့ တိုက်ပွဲရင်ဆိုင်ရသည့်အချိန်တွင်) သူတို့၏ပြောဆိုမှုမှာ “အို၊ ကျွန်ုပ်တို့ အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့၏အရေးကိစ္စ၊ (တာဝန် ဝတ္တရားများနှင့်စီမံဆောင်ရွက်မှုများ) တွင် (မသိနားမလည်၍သော်လည်းကောင်း၊ မတော်တဆသော်လည်းကောင်း၊ ကျူးလွန်မိသော ကျွန်ုပ်တို့၏) အပြစ်များ၊ လွန်ကဲမှု (ပေါ့ဆမှုနှင့်အလွဲသုံးစားပြုမှု) များကို ခွင့်လွှတ်တော်မူပါ။ ကျွန်ုပ်တို့၏ခြေထောက်များ (နှင့်ရပ်တည်ချက်များ) ကို တည်တံ့ခိုင်မြဲ စေတော်မူပါ။ (အရှင့်ကူညီ ဆောင်မမှုဖြင့်) ကျွန်ုပ်တို့အား မယုံကြည် (သော၊ အမှန်တရားကို သွေဖည်ငြင်းဆန်) သော လူမျိုးတို့အပေါ် အောင်နိုင်စွမ်း ပေးသနားတော်မူပါ” ဟု ပြောဆိုကြခြင်းမှအပ (အခြားအကြောင်းအရာများ ပါဝင်ခြင်း) မရှိပေ။