Back to Languages

Burmese - Chapter 3 - Al-Imran

Translation by Alin U Yin — Permalink

Verse 148 — Surah Al-Imran 3:148

သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်သည် သူတို့အား လောကီအကျိုးဆုလဒ်နှင့်နောင်တမလွန်ဘဝအတွက် အကျိုးဆုလဒ်များကိုပါ ချီးမြှင့် (တော်မူရန် စီမံ) တော်မူခဲ့ပြီ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မုဟ်စဲန် (ခေါ် လုပ်ရပ်ဟူသမျှကို “အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း” သိနားလည်၍ အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံး လုပ်ဆောင်သူ) များကို နှစ်သက်တော်မူ၏။