Back to Languages

Burmese - Chapter 3 - Al-Imran

Translation by Alin U Yin — Permalink

Verse 15 — Surah Al-Imran 3:15

“ထိုလောကီခံစားမှုထက် ပိုမို၍ ကောင်းမြတ်သောအရာများသည် သင်တို့အတွက် ရှိကြောင်းကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) သူတို့အတွက် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ထံတော်ဝယ် အောက်ခြေတွင် စိမ့်စမ်းရေပမာတသွင်သွင်စီးနေသော သုခဥယျာဉ်နှင့်ယင်းဥယျာဉ်တော်ထဲတွင် ကာလအကန့်အသတ်မဲ့နေထိုင်ခွင့်ရပြီး သန့်ရှင်းစင်ကြယ်သော ဘဝဖော်များကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ထောက်ခံအားပေးမှုနှင့်နှစ်မြို့မှုကိုပါ ရရှိမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ (သင်တို့အား) သတင်း ကောင်းပါးရမည်လော။” ဟု ဟောပြောလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်အစေခံ (လူသား) တို့၏ အကြောင်း အသေးစိတ်ကို မြင်တွေ့နေတော်မူသောအရှင် ဖြစ်တော်မူ၏။