Back to Languages

Burmese - Chapter 3 - Al-Imran

Translation by Alin U Yin — Permalink

Verse 174 — Surah Al-Imran 3:174

သို့ဖြစ်၍ သူတို့သည် (အရှင်မြတ်က ချီးမြှင့်တော်မူသည့် ကျမ်းတော်မြတ်ကုရ်အာန်၊ တမန်တော်၏လမ်းညွှန်မှုနှင့်ဂုဏ်သိက္ခာ စသော) ဂုဏ်ပေးမှုနှင့် (မြေပေါ်မြေအောက် သယံဇတများနှင့်စွမ်းရည်စွမ်းပကား စသော) ကျေးဇူးတော်များနှင့်စပ်လျဉ်း၍ မည်သည့် မကောင်းမှုဘေးအန္တရာယ်ကမျှ ယင်းတို့နားသို့ မထိကပ် မထိခိုက်စေရန်အလို့ငှာ (မည်သည့်အလွှဲသုံးစားမှုမျိုးကိုမျှ ခွင့်ပြုတော်မမူဘဲ) အလ္လာဟ်အရှင်မြတ်က သဘောတူနှစ် မြို့တော်မူသည့်လမ်းစဉ်အတိုင်း လိုက်နာကြပြီး (တာဝန်ကျေပွန်ခြင်းဖြင့် အရှင့်ထံ) ပြန်လည်အပ်နှံကြသည်။ အလ္လာဟ်အရှင်မြတ်သည် မြင့်မြတ်ကြီးကျယ်သော ကျေးဇူးတော်နှင့်ရက်ရောမှု အလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။