Back to Languages

Burmese - Chapter 3 - Al-Imran

Translation by Alin U Yin — Permalink

Verse 18 — Surah Al-Imran 3:18

အလ္လာဟ်အရှင်မြတ်မှအပ အခြား (ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်ကိုးကွယ်ထိုက်သော) အရှင် အလျှင်း မရှိကြောင်းကို အလ္လာဟ်အရှင်မြတ်ကိုယ်တိုင် သက်သေထွက်ဆိုတော်မူပြီး အရှင့်မလာအီကာ စေတမန်များ၊ တရားမျှတမှု၊ အမှန်တရားနှင့်သမာဓိတို့ကို ဂဃနဏသိနားလည်၍ ယင်းတို့အတွက် မားမားမတ်မတ် ရပ်တည်သော ပညာရှင်တို့သည်လည်း (ထိုသို့ပင်) သက်သေထွက်ဆိုကြ၏။ လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးတော်ဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူသောကြောင့် ထိုအရှင်မှအပ အခြား (ပူဇော်ပသ၊ ရှိခိုးကန် တော့၊ ဆည်းကပ်ကိုးကွယ်ထိုက်သော) အရှင်ဟူ၍ အလျဉ်းမရှိပေ။