Back to Languages

Burmese - Chapter 3 - Al-Imran

Translation by Alin U Yin — Permalink

Verse 19 — Surah Al-Imran 3:19

ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်၏ထံတော်၌ စစ်မှန်သော ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပ်ဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) မှာ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့်ကိုယ်စိတ်နှလုံးတို့အား အရှင့်ထံ အပ်နှံခြင်းတို့ကို ကိုယ်စားပြုသော) အစ္စလာမ်သာသနာပင် ဖြစ်၏။ ယခင်က ကျမ်းပေး အပ်ခြင်းခံရသောသူတို့သည် (အမှန်တရားဆိုင်ရာ) အသိပညာကို သူတို့ထံသို့ ရောက်စေခဲ့ပြီးနောက် သူတို့ အချင်းချင်းကြားတွင် သဘောထားကွဲလွဲလျက် ဂိုဏ်းဂနများ ခွဲခဲ့ခြင်းကြောင့် (သူတို့၏ပမာမခန့်မှုနှင့်) အပြိုင်အဆိုင် မနာလိုမှုကြောင့်မှအပ အခြား (မည်သည့် အကြောင်းရင်းမျှ) မရှိပေ။ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အာယသ်သက်သေလက္ခဏာတော်များကို မယုံကြည် (ဖီဆန်ငြင်းပယ်) ပါက (သူတို့ သိထားသင့်သည်မှာ) အလ္လာဟ်အရှင်မြတ်သည် (ရိုင်းစိုင်မှု၊ ဖီဆန်မှုနှင့်အပြစ်ကျူးလွန်မှုတို့အတွက်) မြန်မြန်ဆန်ဆန်စစ်ဆေး၍ ချက်ချင်းလက်ငင်း အရေးယူနိုင်တော်မူသည့် အရှင်ဖြစ်တော်မူ၏။