Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 3 - Al-Imran
Translation by Alin U Yin — Permalink
Verse 25 — Surah Al-Imran 3:25
ထို (တမလွန်တရားစီရင်မည့်) နေ့တွင် ငါအရှင်က သူတို့အားလုံးကို စုရုံးစေတော်မူသည့်အခါ (သူတို့အားလုံး ထိုနေ့ကို ရင်ဆိုင်ကြုံတွေ့ရမည်မှာ) သံသယဖြစ်ဖွယ် အလျင်းမရှိကြောင်းနှင့်ထိုနေ့တွင် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့် စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်း၊ လူတိုင်းသည် သူတို့ ပြုမူကျင့်ကြံလုပ်ဆောင်၍ ရှာမှီးခဲ့သမျှသော အကျိုးဆုလဒ်များကို အပြည့်အဝခံစားရပြီး မည်သူတစ်ဦးတစ်ယောက်မျှမှလည်း မတရားစီရင်ခြင်းခံရမည် မဟုတ်ကြောင်းတို့ကို မည်သို့ပင် မယုံကြည် (ငြင်းဆန်) စေကာမူ မည်သည့် ပြစ်ဒဏ်များမှ လွတ်မြောက်နိုင်မည်နည်း။