Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 3 - Al-Imran
Translation by Alin U Yin — Permalink
Verse 26 — Surah Al-Imran 3:26
“အို၊ အလ္လာဟ်အရှင်မြတ်၊ (ကမ္ဘာဂြိုလ်အပါအဝင် စကြဝဠာအပေါင်းတို့သည် အရှင်မြတ်ဖြစ်တည်စေတော်မူသော အရှင့်ပိုင်များဖြစ်၍) ဩဇာအာဏာ အလုံးစုံတို့သည်လည်း (အရှင်မြတ်နှင့်သာ ထိုက်ထန်တော်မူပြီး) အရှင်မြတ်၏ပိုင်စိုးမှုအောက်တွင်သာ ရှိ၏။ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အရှင်မြတ် အလိုရှိတော်မူသောသူကို ဩဇာအာဏာပေးအပ်တော်မူ၍ အလိုရှိတော်မူသောသူထံမှ ဩဇာအာဏာကို ပြန်လည်ရုပ် သိမ်းတော်မူ၏။ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အရှင်မြတ်အလိုရှိတော်မူသော သူ၏ဂုဏ်သိက္ခာ အဆင့်အတန်းကို မြင့်တင်ပေးတော်မူ၍ အရှင်အလိုရှိတော်မူသောသူအား အသရေပျက်၊ အရှက်ရစေတော်မူ၏။ (အရှင်မြတ်သည် လူသားအား လက်နှစ်ဘက်ပေးအပ်တော်မူလျက် လုပ်နိုင်စွမ်း ချီးမြှင့်တော်ပြီး) ကောင်းမြတ်မှုအပေါင်းသည် “အရှင့်လက်တော်” (ဟု တင်စားခေါ်ရလောက်အောင် အရှင်မြတ်) ၏ထိန်းချုပ်မှုအောက်တွင် သာရှိ၏။ မုချဧကန်၊ အသင် (အရှင်မြတ်) သည်သာလျှင် အရာခပ်သိမ်းတို့ကို အရှင့်စည်းမျဉ်းဩဇာဖြင့် ထိန်းချုပ်ထားတော်မူပြီး အရာရာကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။” ဟု လျှောက်တင်လော့။