Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 3 - Al-Imran
Translation by Alin U Yin — Permalink
Verse 27 — Surah Al-Imran 3:27
အသင် (အရှင်မြတ်) သည် ညကို နေ့ထဲသို့ တိုးဝင် ဖြတ်စေတော်မူ (လျက်နေ့ အဖြစ်ပြောင်းလဲစေတော် မူပြီး) နေ့ကိုညထဲသို့ တိုးဝင်စေတော်မူ (လျက် ညအဖြစ်ပြောင်းလဲစေတော်မူ) ၏။ (အလားတူ အသင်အရှင် မြတ်သည်ပင်) သေနေသောအရာ (သက်မဲ့) မှ ရှင်သန်သောအရာ (သက်ရှိ) ကိုလည်းကောင်း၊ တစ်ဖန် ရှင်သန်သောအရာ (သက်ရှိ) မှ သေနေသောအရာ (သက်မဲ့) ကိုလည်းကောင်း ဖြစ်ပေါ် မွေးထုတ်စေတော်မူလျက် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်များနှင့်အညီ အရှင်မြတ်အလိုရှိတော်မူသောသူတို့အား စားနပ်ရိက္ခာ (နှင့်အခြား လိုအပ်ချက်များ) ကို တွက်ချက်ခြင်းမပြုဘဲ အတိုင်းအဆမရှိ ထောက်ပံ့ ပြည့်စုံစေတော်မူ၏။