Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 3 - Al-Imran
Translation by Alin U Yin — Permalink
Verse 41 — Surah Al-Imran 3:41
တမန်တော် (ဇကရီယာ) က “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်အတွက် သက်သေလက္ခဏာတစ်ရပ် သတ်မှတ်ပေးတော်မူပါ။” ဟု လျှောက်တင်ရာ “သင့်အတွက် သက်သေလက္ခဏာမှာ အသင်သည် လက်ဟန်ခြေဟန်မှအပ လူတို့နှင့်သုံးရက်အထိ စကားပြော နိုင်လိမ့်မည်မဟုတ်ကြောင်းပင် ဖြစ်ပြီး ညနေနှင့်မနက်စောစောအချိန်များတွင် အသင့်အား ဖွဲ့စည်းဖြစ်တည် စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကို သတိရ တသ၍ ဖွင့်ဟလျက် (အရှင်မြတ်သည် လိုလားတောင့်တမှုနှင့်ချို့တဲ့မှုအပေါင်းတို့မှ လုံးဝ ကင်းရှင်းတော်မူကြောင်း၊ ကြီးကျယ်မြတ်မြတ်တော်မူသော အရှင်ဖြစ်ကြောင်း စသည့်ဂုဏ်တော်များဖြင့်) ဂုဏ်တင်လျှောက်ထားလော့။” ဟု မိန့်တော်မူခဲ့သည်။