Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 3 - Al-Imran
Translation by Alin U Yin — Permalink
Verse 6 — Surah Al-Imran 3:6
(မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်အတွင်း၌ ရှိသောအရာအားလုံးကို ပိုင်ဆိုင်တော်မူသော) သူသည်ပင် ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် ဖြစ်တော်မူပြီး အရှင့်ဆန္ဒတော်က (အရှင့်စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူသည့်အတိုင်း သားအိမ်များအတွင်း၌ သင်တို့၏ ရုပ်ဆင်းသဏ္ဌန်များကို ပုံဖော်ပေး၍ ဖြစ်တည်စေတော်မူ၏။ ထိုအရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်၌လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ သက်ရှိတို့ ဖြစ်တည်လာစေရန်နှင့်အရှင့်စည်းမျဉ်းတော်ဖြင့် (အကောင်းဆုံးဖြစ်အောင် ပုံဖော်ပေးတော်မူရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသောကြောင့် ထိုအရှင်မှအပ အခြား (နာခံကိုးကွယ်ထိုက်သော) အရှင် ဟူ၍ အလျဉ်းမရှိပေ။