Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 3 - Al-Imran
Translation by Alin U Yin — Permalink
Verse 62 — Surah Al-Imran 3:62
ဧကန်ပင်၊ ဤသည်မှာ တိကျမှန်ကန်ထင်ရှားသော ဖြစ်စဉ်မှန်ပင် ဖြစ်ပြီး (ဤအမှန်တရားကို ချမှတ်ပေးအပ်တော်မူသော) အလ္လာဟ်အရှင်မြတ်မှအပ အခြား (ရှိခိုးကန်တော့၊ ဆည်းကပ်ကိုးကွယ်ထိုက်သော) အရှင် ဟူ၍ အလျှင်းမရှိပြီ။ (အကြောင်းမှာ) ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးတော်ဖြင့် နိုင်နင်းလွှမ်းမိုးတော်မူလျက်ရှိသောအရှင်၊ အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသောကြောင့်တည်း။