Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 3 - Al-Imran
Translation by Alin U Yin — Permalink
Verse 83 — Surah Al-Imran 3:83
သူတို့က အလ္လာဟ်အရှင်မြတ်၏ ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများ ပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) ကို စွန့်လွှတ်ပြီး အခြားဘာသာသာသနာများကို ရှာဖွေဖန်တီးထူထောင် လိုကြသလော။ (သူတို့အားလုံး အလေးအနက်ထား၍ နှလုံးသွင်းထားသင့်သည်မှာ) မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်များ၌ရှိသော (လူအပါအဝင်) အရာဟူသမျှတို့သည် သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ (အရှင့်စည်းမျဉ်းသတ်မှတ်ချက်များဖြစ်သော ဖွဲ့စည်းဖြစ်တည်ပုံစနစ်၊ သွေးလည်ပတ်မှုစနစ်၊ အစာကြေစနစ်၊ သံသရာလည်စနစ်၊ အပူအအေးပြောင်းလဲမှုစနစ်၊ အလင်းနိယာမ၊ ကမ္ဘာ့ဆွဲအား၊ စွမ်းအင်ဖြစ်တည်မှုစသော နိယာမတရားတို့ကို အရှင့်နိယာမများဟု ယုံကြည်သည်ဖြစ်စေ၊ သဘာဝနိယာမတရားဟု ယူဆသည်ဖြစ်စေ) အရှင့်စည်းမျဉ်းတော်များကို နာခံနေကြရပြီး (သတ်မှတ်တော်မူသည့်အတိုင်း) အရှင့်ထံသို့သာ လှည့်ပြန်ကြရမည်ဖြစ်သည်။