Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 3 - Al-Imran
Translation by Alin U Yin — Permalink
Verse 97 — Surah Al-Imran 3:97
ယင်း (အိမ်တော်) ၌ (တမန်တော်) အီဗ်ရာဟီးမ် ရပ်တည်ရာဌာနစခန်းနှင့် (အရှင်မြတ်က ရွေးချယ်သတ်မှတ်တော်မူသော မင်္ဂလာရှိသည့် အထွတ်အမြတ်နေရာဖြစ်ကြောင်းကို ထင်ရှားစေသည့်) သက်သေလက္ခဏာတော်များလည်း ရှိ၏။ မည်သူမဆို ယင်းထဲသို့ ဝင်ရောက်ရလျှင် ဘေးကင်းလုံခြုံမည် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုအတွက် ခရီးစရိတ်တတ်နိုင်စွမ်းရှိသူအားလုံးအပေါ် ထိုအိမ်တော်သို့ ဟဂျ်ဝတ်ပြုရန် သွားရောက်ခြင်းအား (တာဝန်အဖြစ်) ပြဌာန်းထားတော်မူ၏။ မည်သူမဆို (ထိုတာဝန်ကို ကျေပွန်ရန်) ငြင်းဆန်လျှင် (သူသိသင့်သည်မှာ) မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လောကခပ်သိမ်း၏လိုအပ်ချက်များကို အရှင့်စည်းမျဉ်းတော်နှင့်အညီ ဖြည့်ဆည်းပေးတော်မူပြီး) လိုလားတောင့်တမှု ကင်းတော်မူသောအရှင်၊ လောကခပ်သိမ်းအပေါ် ကုံလုံပြည့်စုံစေတော်မူသောအရှင် ဖြစ်တော်မူ၏။