Back to Languages

Burmese - Chapter 30 - Ar-Rum

Translation by Alin U Yin — Permalink

Verse 11 — Surah Ar-Rum 30:11

အလ္လာဟ်အရှင်မြတ်သည် (အရှင့်နိယာမတော်အရ ဖွဲ့စည်းဖြစ်တည်စေတော်မူသော သက်ရှိသက်မဲ့) အရာခပ်သိမ်းတို့ကို စတင်ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ (ထိုမူရင်းဖြစ်တည်မှုမှ) တစ်ဖန် ထပ်ပြန်တလဲလဲ ဖွံ့ဖြိုး ဖြစ်စေတော်မူပြီးနောက် ထိုအရှင်မြတ်ထံတော်သို့ပင် ပြန်လည်ဦးလှည့်ရောက်ရှိ စေတော်မူ၏။