Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 30 - Ar-Rum
Translation by Alin U Yin — Permalink
Verse 21 — Surah Ar-Rum 30:21
ထိုနည်းတူစွာ ထိုအရှင်မြတ်၏သက်သေလက္ခဏာတော်များတွင် “ထိုအရှင်မြတ်သည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်း အစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံး စွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ပိုင်ရှင်များ၊ စရိုက်တူများအနက်မှ ယင်း (နဖ်စ်များ) အ ပေါ်၌ ငြိမ်သက်အေးချမ်း မှုရရှိနိုင်ရန် သင်တို့အတွက် ဘဝဖော်များကို ဖွဲ့စည်းဖြစ်တည်စေတော်ပြီး သင်တို့အချင်းချင်းကြားတွင် ချစ်ခြင်း မေတ္တာနှင့်အကြင်နာတရားကို စီမံဖြစ်ပေါ်စေတော်မူကြောင်း” လည်း ပါဝင်၏။ ဧကန်မလွဲ၊ ထို (သို့စီမံဖြစ်ပေါ် စေတော်မူခြင်း) ၌ အလေးအနက် စဉ်းစားဆင်ခြင်ဆန်းစစ်ကြသော လူမျိုးတို့အတွက် အမှန်ပင် အာယသ်သက်သေလက္ခဏာတော်များ ရှိနေ၏။