Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 30 - Ar-Rum
Translation by Alin U Yin — Permalink
Verse 24 — Surah Ar-Rum 30:24
ထိုအရှင်မြတ်၏သက်သေလက္ခဏာတော်များတွင် ထိုအရှင်မြတ်သည် သင်တို့အား လျှပ်စီးလက်ခြင်း ကို ထိတ်လန့်ဖွယ်ရာနှင့်မျှော်ကိုးဖွယ်ရာအဖြစ် မြင်သာအောင် ပြသတော်မူခြင်းသည်လည်းကောင်း၊ ခြောက်သွေ့ ခန်းခြောက်၍ မြေသေဖြစ်ပြီးနောက် မိုးရေဖြင့် မြေကမ္ဘာကို ပြန်လည်ရှင်သန်၍ စိမ်းလန်းစိုပြေစေရန် ကောင်း ကင်ယံမှ မိုးရေအား ရွာသွန်းစေတော်မူခြင်းသည်လည်းကောင်း၊” ပါဝင်၏။ ဧကန် မုချ၊ ထို (သို့ မြေသေမြေရိုင်း များကို မိုးရေဖြင့် စိမ်းလန်းစိုပြေစေတော်မူခြင်း) ၌ (ဆင်ခြင်တုံတရားကို သုံး၍) တွေးခေါ်နားလည်ကြသော လူမျိုးတို့အတွက် အမှန်ပင် အာယသ်သက်သေလက္ခဏာတော်များ ရှိနေ၏။