Back to Languages

Burmese - Chapter 30 - Ar-Rum

Translation by Alin U Yin — Permalink

Verse 25 — Surah Ar-Rum 30:25

ထိုအရှင်မြတ်၏သက်သေလက္ခဏာတော်များတွင်၊ “မိုးကောင်းကင်နှင့်ကမ္ဘာဂြိုဟ်အား (အရှင့်နိယာမတော်နှင့်အညီ) အရှင်မြတ်၏စီမံချက်အမိန့်တော်ဖြင့် တည်တံ့မြဲမြံစွာ ရပ်တည်စေတော်မူခြင်းလည်း” ပါ ဝင်၏။ ထို့နောက် ထိုအရှင်မြတ်သည် သင်တို့အား မြေကမ္ဘာမှ (ဆင့်ခေါ်အထူးဖြင့်) တစ်ကြိမ်မျှသာ ဖိတ်ခေါ်တော်မူသောအခါ သင်တို့သည် (အားလုံး တစ်ပြိုင်နက်တည်း) ထွက်လာကြရလိမ့်မည်။