Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 30 - Ar-Rum
Translation by Alin U Yin — Permalink
Verse 27 — Surah Ar-Rum 30:27
အမှန်သော်ကား ထိုအရှင်မြတ်သည်ပင် (အရှင့်နိယာမတော်အရ ဖွဲ့စည်းဖြစ်တည်စေတော်မူသော သက်ရှိသက်မဲ့) အရာခပ်သိမ်းတို့ကို စတင်ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ (ထိုမူရင်းဖြစ်တည်မှုမှ) တစ်ဖန် ထပ် ပြန်တလဲလဲ ဖွံ့ဖြိုးဖြစ်စေတော်မူပြီး (ထိုသို့ မျိုးပွားတိုးပွားစေတော်မူခြင်းသည်) ထိုအရှင်မြတ်အတွက် အလွန် လွယ်ကူသည့်အပြင် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်၌ (အသက်၊ ပင်ကိုဉာဏ်အရည်အသွေး၊ ဩဇာအာဏာ၊ မေတ္တာစေတနာ၊ သဒ္ဓါတရား၊ အစရှိသည့် ထူးခြားသော ဝိသေသများ တည်ရှိနေခြင်းသည်) အရှင်မြတ်က အမြင့်မြတ်ဆုံး ဝိသေသလက္ခဏာတော်များကို ပိုင်ဆိုင်ထားတော်မူ (လျက် သရုပ် ဖော်စေတော်မူ) သောကြောင့်ပင် ဖြစ်၏။ စင်စစ် ထိုအရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်၌လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။