Back to Languages

Burmese - Chapter 30 - Ar-Rum

Translation by Alin U Yin — Permalink

Verse 28 — Surah Ar-Rum 30:28

ထိုအရှင်မြတ်သည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မ ဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံး စွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များမှပင် သင်တို့အတွက် ဥပမာပုံဆောင်ချက်တစ်ခုကို ခိုင်းနှိုင်းတော်မူ၏။ သင်တို့၏လက်အောက်ခံဩဇာခံများ (ဖြစ်ခဲ့ကြသော ကျေး ကျွန်များ၊ အမှုထမ်းများနှင့်လက်အောက်ငယ်မများအား သင်တို့အား ငါအရှင်မြတ်ချီးမြှင့် ပေးအပ်တော်မူထားသော (ဩဇာအာဏာ ဂုဏ်သိက္ခာ၊ ဓနဥစ္စာပိုင်ဆိုင်မှုစသော) ရိက္ခာအထောက်အပံ့များ၌ ဖက်စပ်အစုရှယ် ယာဝေစုဝေပုံများ ရှိစေခြင်းဖြင့် ယင်း (ရိက္ခာအထောက်အပံ့များအပေါ်) ၌ တန်းတူရည်တူ (ညီတူညီမျှ) ဖြစ်စေလျက် သင်တို့၏နဖ်စ်၌ သင်တို့အချင်းချင်း တစ်ဦးထက်တစ်ဦး သာသွားမည်ကို စိုးရိမ်ကြောင့်ကြသကဲ့သို့ သင်တို့က သူတို့ကိုလည်း ကြောက်ရွံခြင်းကို သင်တို့အတွက် အသိအမှတ်ပြုလက်ခံနိုင်လော။ ထို့ကဲ့သို့ပင် ငါအရှင်မြတ်သည် (ဆင်ခြင်တုံတရားကိုသုံး၍) တွေးခေါ်ဆင်ခြင်သိနားလည်ကြသော လူမျိုးတို့အတွက် အာယာသ်သက်သေလက္ခဏာတော်များကို အသေးစိတ် ရှင်းပြတော်မူ၏။”