Back to Languages

Burmese - Chapter 30 - Ar-Rum

Translation by Alin U Yin — Permalink

Verse 31 — Surah Ar-Rum 30:31

(သင်တို့၏ကိုယ်စိတ်နှလုံးများ ရည်မှန်းချက် ရပ်တည်ချက်အားလုံးဖြင့် စိတ်ရင်းစေတနာဖြူစင်စွာဖြင့်) ထိုအရှင်မြတ်ဘက်သို့သာလျှင် ဦးတည်ပြန်လှည့်ကြသူများဖြစ်လျှက် ထိုအရှင်မြတ်အား စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ ထို့ပြင် သင်တို့သည် ဆွလာသ်ဝတ်ပြုမှုကို ယင်း၏စည်းမျဉ်းနှင့်အညီ ဆောက်တည်မြဲကြရုံသာမက ဇကားသ် (တ ရားတော်အရ ချို့တဲ့ဆင်းရဲသားများအား မျှဝေစွန့်လှူရသော လူမှုဖူလုံကြေးကိုလည်း) ပေးကမ်းကြသည့်အပြင် (သက်ရှိသက်မဲ့တို့အနက် တစ်စုံတစ်ရာကို ကိုးကွယ်ရာအဖြစ်အယူထားလျက်) အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ် ကိုးကွယ်သူတို့ အနက်မှ မဖြစ်ကြလေနှင့်။