Back to Languages

Burmese - Chapter 30 - Ar-Rum

Translation by Alin U Yin — Permalink

Verse 32 — Surah Ar-Rum 30:32

သူတို့၏ဒီန် (ခေါ် လူသားတို့အကျိုးငှာ ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများ များပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) အား ယင်းကို အရှင်မြတ်နှင့်တမန်တော်မြတ်၏ညွှန်ကြားချက်အတိုင်း တသွေမတိမ်းလိုက်ရမည် ဖြစ်သော်လည်း) ဂိုဏ်းဂဏအမျိုးမျိုးအသွင်ဖြင့် အစိတ်စိတ်အမြွှာမြွှာ ကွဲစေသူတို့အနက်မှ အုပ်စုတိုင်းက သူတို့လက်ခံထားသော (အတွေးအခေါ်အယူအဆ များပါရှိသည့်) ဂိုဏ်းဖြင့်သာ ကျေနပ်ဝမ်းမြောက်လျက် ရှိကြ၏။