Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 30 - Ar-Rum
Translation by Alin U Yin — Permalink
Verse 33 — Surah Ar-Rum 30:33
စင်စစ်သော်ကား ဘေးဒုက္ခဥပဒ်တစ်စုံတစ်ရာသည် လူသားအား ထိခိုက်နစ်နာစေရန် သက်ရောက်လေသောအခါ သူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ဘက်တော်သို့ ဦးတည်လှည့်ကြလျက် ထိုအရှင်မြတ်အား ဟစ်ခေါ် တသ၍ ဆုတောင်းပန်ကြားလေ့ရှိကြ၏။ ထို့နောက် ထိုအရှင်မြတ်သည် သူတို့အား အရှင့်ထံတော်မှ ကရုဏာတော်ကို မြည်းစမ်းစေတော်မူသောအခါ သူတို့အနက် အုပ်တစ်ခုသည် မဆိုင်းမငံ့၊ ချက်ချင်းပင်လျှင် (အခြား သက်ရှိသက်မဲ့များကို အားကိုးအားထားရာနှင့်ကိုးကွယ် ရာများအဖြစ် အယူထားလျက်) သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်၍ ကိုးကွယ်ကြလေ၏။