Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 30 - Ar-Rum
Translation by Alin U Yin — Permalink
Verse 40 — Surah Ar-Rum 30:40
အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူပြီးနောက် သင်တို့အား (အသက်ရှင်ရပ်တည်ရေးဆိုင်ရာ လိုအပ်ချက်များနှင့်) စားနပ်ရိက္ခာများကို ထောက်ပံ့တော်မူပြီး တစ်ဖန် သေစေတော်မူပြီးနောက် (ရှင်ပြန်ထရမည့်နေ့တွင်) ပြန်လည်ရှင်စေတော်မူမည်။ ထိုသို့ အရှင်မြတ်က ဖြစ်စေတော်မူသည့်အရာများအနက်မှ မည်သည့်ဖြစ်ရပ်တစ်စုံတစ်ခုကို အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်၍ ကိုးကွယ်ကြသော သင်တို့၏ကိုးကွယ်ရာများအနက်မှ လုပ်နိုင်သူ မည်သူရှိသနည်း။ ထိုအရှင်မြတ်သည် (အတုမဲ့၊ အနှိုင်းမဲ့ဖြစ်ပြီး သက်ရှိသက်မဲ့တို့၏အရည်အသွေးများကို ဖြစ်တည်စေတော်မူသောအရှင်ဖြစ်ကြောင်း၊ ကိုးကွယ်ထိုက်သော နာမတော်၊ ဂုဏ်တော်အလုံးစုံကို ပိုင်ဆိုင်တော်မူပြီး) သန့်ရှင်းစင်ကြယ်တော်မူကြောင်းနှင့်သူတို့တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသော ကိုးကွယ်ရာအားလုံးထက် (လူသားတို့၏ဉာဏ်ရည်၊ ဉာဏ်စွမ်းဖြင့် ပုံမဖော်နိုင်အောင်ပင်) အတိုင်းအဆမဲ့ ကြီးကျယ်မြင့်မြတ်လှကြောင်းကို ယုံကြည်လက်ခံ၍ ဂုဏ်တင်ပါ၏။