Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 30 - Ar-Rum
Translation by Alin U Yin — Permalink
Verse 44 — Surah Ar-Rum 30:44
မည်သူမဆို (အရှင်မြတ်အား) မယုံကြည်သွေဖည်ငြင်းပယ်လျင် သူ၏မယုံကြည်သွေဖည်ငြင်းပယ်မှုသည် သူ့ပေါ်၌ တာဝန်ရှိ အရေးယူခြင်း ခံရပေမည်။ ထိုနည်းတူစွာ မည်သူမဆို ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလကိုဆောက်တည်ကြလျှင် သူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်း တော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များ (ကို အရှင့်စည်းမျဉ်းတော်နှင့်အညီ အသုံးချနိုင်ရန်) အတွက် ပြင်ဆင်နေကြခြင်းသာ ဖြစ်သည်။