Back to Languages

Burmese - Chapter 30 - Ar-Rum

Translation by Alin U Yin — Permalink

Verse 46 — Surah Ar-Rum 30:46

စင်စစ် ထိုအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များအနက်မှ သင်တို့ကျေးဇူးသိတတ်ရန်အလို့ငှာ ထိုအရှင်မြတ်၏ကရုဏာတော်မှ (အကျိုးကျေးဇူးများကို) သင်တို့အား မြည်းစမ်းစေတော်မူရန် ရှေ့ ပြေး ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းကို သယ်ဆောင်လာသော လေအား စေလွှတ်တော်မူခြင်း ထိုအရှင်မြတ် ၏စီမံချက်အမိန့်တော်ဖြင့် ရေသင်္ဘောများအား (ပင်လယ်သမုဒ္ဒရာရေပြင်) ၌ မျှောချ၍ စီးဆင်းသွားလာစေ တော်ခြင်း နိုင်ကြအံ့သောငှာလည်းကောင်း၊ အသင်တို့သည် ထို အရှင်မြတ်၏ (မြေပေါ်မြေအောက်၊ ရေပေါ်ရေ အောက် သယံဇတ၊ အရင်းအမြစ်၊ စွမ်းအင်၊ စွမ်းရည်၊ စားနပ်ရိက္ခာနှင့်လမ်း ညွှန်တော်စသော) ကျေးဇူးတော်များကို ရှာဖွေရှာမှီးစေတော်မူခြင်း” တို့လည်း ပါဝင်၏။