Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 30 - Ar-Rum
Translation by Alin U Yin — Permalink
Verse 47 — Surah Ar-Rum 30:47
ထို့ပြင် ဧကန်ပင်၊ ငါအရှင်မြတ်သည် အသင့်အလျင် ရစူလ်တမန်တော်များအား သူတို့၏လူမျိုးများထံသို့ စေလွှတ်တော်မူခဲ့ရာ (ထိုရစူလ်တမန်တော်များသည်) ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော သက်သေလက္ခာများပါဝင်သည့် ရှင်းလင်းချက်များနှင့်တကွ သူတို့ထံရောက်ရှိခဲ့ကြသော်လည်း သူတို့အနက်မှ (တမန်တော် များအား မဟုတ်မတရား စွပ်စွဲ၍ နှောက်ယှက်လျက်) ရာဇဝတ်မှုကျူးလွန်သူများ ရှိခဲ့သောကြောင့် ဒဏ်ခတ် အရေးယူတော်မူခဲ့၏။ စင်စစ် သက်ဝင်ယုံကြည်သူတို့အား ကူညီစောင်မတော်မူခြင်းကို ငါအရှင်မြတ်၏အပေါ်၌ တာဝန်တစ်ရပ်အဖြစ် ပြဌာန်းတော်မူ၏။