Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 30 - Ar-Rum
Translation by Alin U Yin — Permalink
Verse 58 — Surah Ar-Rum 30:58
စင်စစ်သော်ကား ဧကန်မလွဲ၊ ငါအရှင်မြတ်သည် လူသားတို့အတွက် (သိနားလည်၍ ဘဝဆောက်တည်ရာတွင် အသုံးချနိုင်ရန် အလို့ငှာ) ဤကုရ်အာန်ကျမ်းတော်မြတ်တွင် ဥပမာပုံဆောင်ချက်များနှင့်ခိုင်းနှိုင်းမှုများကို ကွဲပြားခြားနားသောနည်းမျိုးစုံဖြင့် အသေးစိတ်ရှင်းလင်း တင်ပြထားတော်မူခဲ့ ပြီးဖြစ်၏။ ထို့ပြင် အကယ်၍ အသင် (တမန်တော်) သည် (သူတို့တောင်းဆိုသည့်အတိုင်း) သူတို့ထံ အံ့ဖွယ် သက်သေလက္ခဏာနှင့်တကွ (အရှင်မြတ်က ရှင်းပြတော်မူသော ထိုဥပမာပုံဆောင်ချက်များနှင့်ခိုင်းနှိုင်းမှုများကို ခေါင်းမာမာဖြင့် အရေးမစိုက်ဘဲ) မယုံကြည်ငြင်းပယ်ကြသူတို့က ''သင်တို့သည် လမ်းမှားကို ရှာဖွေလိုက်စားသူများသာလျှင် ဖြစ်ကြ၏။'' ဟု ပြောဆိုကြပေမည်။