Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 30 - Ar-Rum
Translation by Alin U Yin — Permalink
Verse 60 — Surah Ar-Rum 30:60
သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် (ကိစ္စရပ်တိုင်း၌ ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံ ကြံ့ခိုင်မှုမြဲမြံစေလော့။ ဧကန်မလွဲ၊ (ယုံကြည်သူများအား ပေါက်မြောက်အောင်မြင်စေရန် ကူညီစောင်မတော်မူမည်ဟူသော) အလ္လာဟ်အရှင်မြတ်၏ကတိတော်သည် ပရမတ္တသစ္စာတရားပင် ဖြစ်၏။ ထို့ပြင် (ထိုအမှန်တရား သစ္စာကို အသေအချာ) မယုံကြည်သောသူတို့သည် အသင့်အား (သင်၏မြဲမြံခိုင်မာမှုကို ယိမ်းယိုင်စေရန်) ပူပင်သောက မရောက်စေလေနှင့်။