Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 30 - Ar-Rum
Translation by Alin U Yin — Permalink
Verse 8 — Surah Ar-Rum 30:8
သူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များတွင် (ရှိနေသည်နှင့်စပ်လျဉ်း) အလေး အနက် မစဉ်းစားဆင်ခြင်ဆန်းစစ်ခြင်း မပြုကြလေသလော။ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်ကိုလည်းကောင်း၊ ယင်းနှစ်ခုအတွင်း၌ ရှိသည်တို့ကိုလည်းကောင်း၊ အမှန်တရားသစ္စာနှင့်သတ်မှတ် ပြဌာန်းသော ကာလဖြင့်သာ (ရှိသင့်ရှိထိုက်သော စွမ်းရည်၊ ရည်ရွယ်ချက်၊ အမြော်အမြင်၊ နိယာမတရားနှင့်သဟဇာတဖြစ်မှုတို့ပါဝင်စေလျက် စနစ်တကျ) ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။ သို့ရာတွင် လူသားအများစုမှာမူကား သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်နှင့်တွေ့ဆုံကြရမည်ကို အမှန်ပင် မယုံကြည်ငြင်းပယ်သူများ ဖြစ်ကြ၏။