Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 30 - Ar-Rum
Translation by Alin U Yin — Permalink
Verse 9 — Surah Ar-Rum 30:9
သူတို့သည် သူတို့အလျင် (အရှင့်သက်သေလက္ခဏာတော်များအား ခေါင်းမာမာဖြင့် မယုံကြည် ငြင်းပယ်လျက်) ရှိခဲ့ကြသူတို့၏နောက်ဆုံးနိဂုံး (အကျိုးဆက်) မည်သို့ဖြစ်ခဲ့သည်ကို စူးစမ်းလေ့လာ ရှုမြင်သုံး သပ်နိုင်ရန် ကမ္ဘာမြေပေါ်ဝယ် ခရီးလှည့်လည်သွားလာခြင်း မပြုကြလေသလော။ သူတို့ထဲတွင်လည်း အင်အားအရှိဆုံး (ဩဇာအာဏာအရှိဆုံး) ပုဂ္ဂိုလ်များရှိခဲ့ပြီး သူတို့သည် (ထွန်ယက်စိုက်ပျိုးရန်လည်း ကောင်း၊ ရေနှင့်အခြားသယံ ဇာတများကို တူးဖော်ရှာဖွေရန်လည်းကောင်း၊) မြေကမ္ဘာကို တူးဆွ၍ သူတို့၏အသက်ရှင်ရပ်တည်ရေးဆိုင်ရာ အဆောက်အအုံများကို အများဆုံးနှင့်အကောင်းဆုံးဖြစ်အောင် ယင်း (နယ်မြေဒေသ) ၌ပင် ထူထောင်ခဲ့ကြရုံ သာမက သူတို့ထံသို့လည်း သူတို့အတွက် ရွေးချယ်ခန့်အပ်တော်မူသော ရစူလ်တမန်တော်များသည် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော သက်သေလက္ခဏာတော်များပါဝင်သည့် ရှင်းလင်းချက်နှင့်အတူ ရောက်လာခဲ့ကြ၏။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် သူတို့အား မဟုတ်မတရား (တိမ်ကောပျက်စီးအောင်) ပြုတော်မူသည် အလျှင်း မဟုတ်ပေ။ အမှန်မှာ သူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော် မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို (စိတ်အလိုရမ္မက်နှင့်အညီ အသုံးချခြင်းဖြင့်) အရှင့်စည်းမျဉ်းတော်များအား ချိုးဖောက်ကျူးလွန်၍ (သူတို့ကိုယ်သူတို့) မဟုတ်မတရား မမှန်မကန် ပြုလုပ်ခဲ့ကြခြင်းသာ ဖြစ်၏။