Back to Languages

Burmese - Chapter 31 - Luqman

Translation by Alin U Yin — Permalink

Verse 10 — Surah Luqman 31:10

ထိုအရှင်မြတ်သည် မိုးကောင်းကင်များကို သင်တို့ မြင်နိုင်သောတိုင်များမပါဘဲ ဖွဲ့စည်းဖြစ်တည်စေ တော်မူပြီး မြေကမ္ဘာ၌ ယင်း၏လှုပ်ရှားမှုနှင့်အတူ သင်တို့ လှုပ်ခါယိမ်းယိုင်သွားခြင်း မရှိစေရန် လေးလံခိုင်မြဲ သောတောင်များကို (ကျောက်ဆူးများသဖွယ်) စိုက်ထူချထားတော်မူသည့်အပြင် ယင်း (မြေကမ္ဘာ) ၌ သက်ရှိ သတ္တဝါတိုင်းမှ မျိုးပွားပျံ့နှံ့စေတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်သည် မိုးကောင်းကင်မှ (မိုး) ရေကို သွန်းချပေး တော်မူသောကြောင့် ငါအရှင်မြတ်သည်ပင် ယင်း (မြေကမ္ဘာ) ၌ ကောင်းမြတ်သော (ဖို၊ မ၊ အပေါင်း၊ အနုတ်၊ စသည့် လိုက်ဖက်သောစုံတွဲဖြင့်) ဒွယံဒွယံ (အရောင်အဆင်း အနံ့အရသာမျိုးစုံရှိသော အသီးအနှံများ၊ သစ်သီးဝလံများ သီးသည့် သစ်ပင်၊ စိုက်ပင်နှင့်သဘဝပေါက်ပင် အစရှိသော) အပင်မျိုးစုံကို ပေါက်ပွားကြီးထွား ဖြစ်ထွန်းစေတော်မူခြင်း ဖြစ်တော်မူ၏။