Back to Languages

Burmese - Chapter 31 - Luqman

Translation by Alin U Yin — Permalink

Verse 11 — Surah Luqman 31:11

ဤသည်တို့ကား အလ္လာဟ်အရှင်မြတ်၏ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်းခံရသောအရာများဖြစ်သောကြောင့် မည်သည်တို့ကို ထိုအရှင်မြတ်မှအပ (လူသားတို့က ကိုးကွယ်ရာများ အဖြစ်ထင်မြင် ယူဆလျက် ယုံကြည်ကိုးကွယ်ကြသော) အခြားကိုးကွယ်ရာများက ဖွဲ့စည်းဖြစ်တည်စေကြောင်းကို ငါအရှင်မြတ်အား ညွှန်ပြ ကြလော့။ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်အပြင် (သင်တို့ကိုးကွယ်လျက်) ရှိကြသောသူတို့က မည်သည့်အရာများအား ဖွဲ့စည်းဖြစ်တည်စေခဲ့ကြသည်ကို ငါအရှင်မြတ်အား ပြသလော့။ အမှန်စင်စစ်မှာမူကား အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့သည် သိသာ ထင်ရှားသော လမ်းမှား၌ပင် ရှိကြ၏။