Back to Languages

Burmese - Chapter 31 - Luqman

Translation by Alin U Yin — Permalink

Verse 12 — Surah Luqman 31:12

ထို့ပြင် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် လွတ်က်မာန်အား အလ္လာဟ်အရှင်မြတ် (ပေးအပ်တော်မူသည့် အရှင်ရပ်တည်ရေးဆိုင်ရာ ရိက္ခာအထောက်အပံ့များ) အတွက် ကျေးဇူးသိတတ်ရန်အလို့ငှာ ဉာဏ်ပညာအမြော်အမြင်ကို ချီးမြှင့်ပေးအပ်တော်မူခဲ့၏။ စင်စစ်သော်ကား မည်သူမဆို ကျေးဇူးသိတတ်လျှင် ထိုသူသည် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အကျိုးငှာသာလျှင် ကျေးဇူးသိတတ်ခြင်း ဖြစ်ပြီး မည်သူမဆို ကျေးဇူးကန်းခဲ့လျှင် ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူ၍ ကုံလုံပြည့်စုံသောအရှင်၊ အလွန်တရာ ချီးမွမ်း ခြင်းခံထိုက်တော်မူသောအရှင်ဖြစ်တော်မူ၏။