Back to Languages

Burmese - Chapter 31 - Luqman

Translation by Alin U Yin — Permalink

Verse 13 — Surah Luqman 31:13

ထို့ပြင် ''လွတ်က်မာန်'' သည် သူ့သားကို ဆုံးမသွန်သင်၊ သြဝါဒပေးသည့်အခါ သူက “အို ချစ်သား၊ အသင်သည် (သက်ရှိသက်မဲ့တို့အနက်မှ မည်သည့်တစ်စုံတစ်ရာကိုမျှ ကိုးကွယ်ရာအဖြစ် မှတ်ယူပြီး) အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်၍ ကိုးကွယ်ခြင်း မပြုလေနှင့်။ (အကြောင်းမူကား) ဧကန်ပင်၊ အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်၍ ကိုးကွယ်ခြင်းသည် အမှန်ပင် (အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍) မဟုတ်မတရား မမှန်မကန် ပြုမူကျင်ကြံသော အလွန်ကြီးလေးသည့် မတရားမှုပင် ဖြစ်၏။